ခိုလမ်မြို့၀င်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်

 

ခိုလမ်  ဩဂုတ် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊  ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ခိုလမ်မြို့ဝင်ဂိတ်( တာချီလိတ်-ကျိုင်းတုံ- ကွန်ဟိန်း - တောင်ကြီး) တွင် ယနေ့ နံနက်(၇) နာရီ အချိန်မှ စတင်၍  စစ်ဆေးရေးဂိတ်ထားရှိပြီးကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူ ခရီးသွားများ အား ကိုယ်ပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များအား  ခရီးသွားမှတ်တမ်း ကောက်ယူ ခြင်းများကို ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အလှည့်ကျ တာဝန်ယူပြီး နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၆)နာရီ အချိန်အထိ ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေးဝင်း ( ပြန် / ဆက် )