လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး​ကော်မတီ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

လှိုင် ဩဂုတ် ၂၇

ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် ယမန်​နေ့ ည​နေ ၃ နာရီ က လှိုင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များဖြင့် အစည်းအ​ဝေးကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအ​​ဝေးတွင် လှိုင်မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များ ခရီးသွားရာဇဝင် ရှိသူများ စာရင်းများအား အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှ ကောက်ယူပြီး ကျန်းမာ ရေးဌာနကို သတင်းပေးပို့ရန်၊ လူဦးရေထူထပ်သည့် စျေးများ၊ စားသောက်ဆိုင်များအား ကျန်းမာရေး သတိပေးချက်များနှင့်အညီ လိုက်နာဆောင်ရွက်​ရေး ကြီးကြပ်ကွပ်ကဲရန်၊ လှိုင်မြို့နယ်အတွင်း ပြည်သူ များအတွက် ကော်မတီဝင်များ၏ စုပေါင်းထည့်ဝင်မှုဖြင့် Mask အခုရေ(၆၀၀၀) မျှဝေပေးရန် စည်းဝေး ဆုံးဖြတ်ခဲ့ကြသည်။

ထို့​နောက် မြို့နယ်အတွင်း လူစည်ကားရာ​နေရာများတွင် Mask Campaign  ပြုလုပ်ခြင်း၊ ရပ်ကွက်များအား အသိ​ပေးနှိုး​ဆော်မှုများ​ အုပ်ချုပ်​ရေးပိုင်းမှ ကူညီဆောင်ရွက်​ပေးကြရန်​၊ Quarantine Center များတွင် ထားရှိ​ဆောင်ရွက်မှုအ​​ခြေအ​နေများအား ကျန်းမာ​ရေး ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ကိုဗစ်​-၁၉ ကော်မတီဝင်များအား Viber Group မှ အသိ​ပေးခြင်းများ ပူး​ပေါင်း​ဆောင်ရွက် သွားကြ ရန် ​ဆွေး​နွေးခဲ့ကြသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)