ဗိုလ်တထောင်မြို့နယ် ၆၄ လမ်းတွင် မီးလောင်မှုဖြစ်ပွား

ဗိုလ်တထောင် ဩဂုတ် ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၆၄ လမ်း၊ အမှတ်(၃၂)တွင် ယမန်နေ့ ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ New T&P Online Shopping နှစ်ထပ်ပျဉ်ထောင်အိမ် အပေါ်ထပ်တွင် လျှပ်စစ်အလှဆင် မီးထွန်းထားရာမှ အပူလွန်ကဲမီးပလက်ခုံနှင့် သစ်သားနံရံအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းသည့်နေရာသို့ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၂)စီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၈၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၁၀)နှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသက်ကြပြီး ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ပရဟိတအဖွဲ့ဝင်များ ဝိုင်းဝန်းကူညီခဲ့ကြောင်း သိရှိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)