ဒဂုံတောင် သြဂုတ် ၂၇
မိုးတွင်းကာလတွင် ကျရောက်တက်သော သဘာဝဘေးအန္တရာယ်များကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်းရှိ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် ကျောင်းများ ယာယီပိတ်ထားသော်လည်း မိုးတွင်း အခါသမယ ဖြစ်သောကြောင့် ဖြစ်ပေါ် တတ်သည့် သဘာဝဘေးအန္တရာယ်များဒဏ်မှ ကာကွယ်နိုင်ရန် ဘေးအန္တရာယ်ဒဏ် ကြံကြံ့ခံနိုင်မှု စစ်ဆေးရေး အဖွဲ့နှင့် မြို့နယ် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကြည့်ရူစစ်ဆေးရာတွင် ကျောင်းများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည့် အကူအညီများ ကူညီပေး ရန်နှင့် ပျက်စီးထိခိုက်မှုမဖြစ်စေရေး တာဝန်ခံကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များ ပြောကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှု၍ စာသင်ခန်းများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)