ဘောလခဲ ဩဂုတ် ၂၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူလူထု၏ အားကစားလှုပ်ရှားမှု စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဘောလခဲမြို့ရှိ အားကစားလှုပ်ရှားနေကြသောဌာနဆိုင်ရာနှင့် ပြည်သူလူထု အဖွဲ့အစည်း များ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင် အားကစားအရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်မှ ခရိုင်မီးသတ်ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်း ကျောင်း (န.တ.လ)နှင့် ရှမ်းပိုင်းရပ်ကွက်ရှိ လူငယ်အားကစားကွင်းနေရာများသို့ ပိုက်ကျော်ခြင်း ခြင်းလုံးနှင့်ပိုက်၊ ဘော်လီ ဘော ဘောလုံးနှင့်ပိုက် အစရှိသည်တို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်