မြောက်ဥက္ကလာပမြို့နယ်တွင် အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည် အသွေးစစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက (ဃ)ရပ်ကွက်၊ မေဓာဝီဈေး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည့် (Ngwe Bike) Application တွင် စာရင်းပေးသွင်းနိုင်ရေး နှိုးဆော်

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ်တည်း ၃၀၀၀၀ိ/- ( သုံးသောင်း ကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် တာဝန်ရှိသူများက အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မခံရစေရေး အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းအား မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ညနေ (၃)နာရီ အချိန်က အောက်စျေးတန်းရပ်ကွက်ရှိ မသန်စွမ်းသူ(၉)ဦးအား တာဝန်ရှိသူများက ကာယကံရှင်များ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ (CERP)အစီစဉ်အရ မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်(CERP) စီစဉ်မှုဖြင့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံငွေ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

လပွတ္တာမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး တိုင်းကော်မရှင်ဥက္ကဋ္ဌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် တိုင်းကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်၊ မဲစာရင်းစီစစ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးတွင် ယမန်​​နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။

မြန်အောင်မြို့အဝင် သပြေလှ‌‌ကျေးရွာစစ်‌ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေး

မြန်အောင်မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယအုပ်ချုပ်‌ရေးမှူး ဦးချိုချို ဦးဆောင်၍ မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများ ယမန်နေ့ နံနက်တွင် မြန်အောင်မြို့အဝင် သပြေလှစစ်ဆေးရေးဂိတ်တွင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကာလိမြို့တွင် နှာခေါင်းစည်း (Mask )များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး မြို့အတွင်း ဝင်/ထွက်သွားလာနေကြသည့်ပြည်သူများအား နှာခေါင်းစည်း (Mask )များ Campaign ပြုလုပ်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ မှ ယနေ့ နံနက်(၈)နာရီ အချိန်က မြို့မဈေးရှေ့ ၊ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသင်းချုပ် ဥက္ကဋ္ဌမှ ဝန်ထမ်းများအား လမ်းညွှန်မှာကြား

လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အတွင်း ရေးမှူးအဖွဲ့တို့မှ အသင်းချုပ်ရုံးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။
Subscribe to