ကွမ်းခြံကုန်း ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား မြို့နယ်ကိုဗစ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမြင့်ဦးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်ဇာနည်ထွန်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆိုင်ပိုင်ရှင်များ၊ ဆိုင်ဝန်ထမ်းများအား နှာခေါင်းစည်း(mask) တပ်ဆင်ထားမှုနှင့် ဆိုင်အဝင်တွင် လက်ဆေး ဘေစင် ထားရှိမှု စနစ်တကျ ရှိစေရေး၊ ဆိုင်အတွင်း စားသောက်သူများအတွက် (Social Distancing)နှင့် အညီ ဆောင်ရွက် ထားရန် အသိပေးမှာကြားခဲ့ပြီးကိုဗစ်-၁၉ ကာကွယ်ရေး ပိုစတာများ ဆိုင်အပြင် မြင်သာသော နေရာများတွင် ချိတ်ဆွဲ ကပ်ထား ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပြည်တွင်းကူးစက်မှုများရှိလာသဖြင့် မြို့နယ်အတွင်း အသိပညာပေးခြင်း လုပ်ငန်းများဖြစ်သော “အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များ တပ်ဆင်ရန်၊ လက်ဆေးရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များကို လိုက်နာရန်တို့ကို အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်း များကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)