ကျောက်တန်းမြို့နယ်တွင် ပထမအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျှောက်ထားလာမှုများ ပြင်ဆင်ဆောင်ရွက်

ကျောက်တန်း ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ များမှ ပေးပို့လာသည့် ပထမအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ) ဖြင့် လျှောက်ထားလာမှုများအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၁၄)ရက်အထိ ကပ်ထားကြေညာခဲ့ပြီး တစ်မြို့နယ်လုံး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်(၁၂၇၃၅၁)ဦးရှိရာ ပုံစံ(၃)ဖြင့် လျှောက်ထား သူ(၁၈၀၆)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက် သူ(၃၈၇)ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၅၉၆)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျာထားလာမှုများ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၁၁၅)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၁၅)ဦး သာ စိစစ်ရန် ကျန်ရှိပြီး ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်မှု များမှာ အားလုံးစိစစ်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ထံမှ သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)