မိုင်းပန်မြို့၌ Quarantine Centre ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများအတွက် “နမ့်ခုံး” ရှမ်းများ ပရဟိတ အသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းများလှူဒါန်း

မိုင်းပန်  ဩဂုတ်  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ တောင်ကြီးမြို့ "နမ့်ခုံး" ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က Quarantine Center တွင် ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများနှင့် "နမ့်ခုံး" ရှမ်းများ ပရဟိတ မိုင်းပန်အသင်းခွဲအတွက် COVID-19 ရောဂါစောင့်ရှောက်ကာကွယ်ရေးအတွက်  ပစ္စည်း များအား ယမန်နေ့  ညနေ ၄ နာရီအချိန်က မွေတော်‌စာသင်တိုက်၌ လာ‌ရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 Access to Health Funds ဖြင့် "နမ့်ခုံး"ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့နှင့် Relief International တို့ ပူးပေါင်းပြီး Quarantine Center တွင် ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများအတွက် အမျိုးအမည် (၂၄)မျိုးပါရှိသည့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်း (၆)စုံစာအား လည်းကောင်း၊ "နမ့်ခုံး"ရှမ်းများပရဟိတ မိုင်းပန်အသင်းခွဲအတွက် COVID-19 ရောဂါစောင့်ရှောက်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ခြေနင်း လက်ဆေးဘေစင် ၊ Hand Gel၊ လက်ဆေးဆပ်ပြာရည်၊ အပူချိန်တိုင်းသာမိုမီတာ၊ Hand Speaker  ၊Surgical mask နှင့် Exam gloves တို့အား "နမ့်ခုံး"ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့မှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းပန်းအောင်နှင့်အဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ပြီး မိုင်းပန်အသင်းခွဲမှ တာ၀န်ရှိသူများမှ လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)