ညောင်ဦးမြို့၌ Quarantine ထားရှိသူများမှ စစ်ဆေးရန်ကျန်ရှိသည့် စောင့်ကြည့်လူခြောက်ဦး၏ Swab များအား မန္တလေးမြို့သို့ ပို့ဆောင်စစ်ဆေး

ညောင်ဦး ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ Quarantine ထားရှိသူများမှ Swab စစ်ဆေးရန် ကျန်ရှိသည့်စောင့်ကြည့်လူ ခြောက်ဦး၏ နှာတို့ဖတ်၊ အာခေါင်တို့ဖက်တို့အား ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မန္တလေးမြို့သို့ စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ပရဟိတအသင်းများထံမှ သိရသည်။

ညောင်ဦးမြို့ ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ ပြည်ပမှပြန်လည်ရောက်ရှိသူတစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ပြန် လည်ရောက်ရှိသူ (၁၁) ဦး စုစုပေါင်း (၁၂) ဦးရှိပြီး ပြည်ပမှပြန်လည်ရောက်ရှိသူတစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိသူငါးဦးတို့မှာ စစ်ဆေးပြီးဖြစ်၍ ပိုးမရှိ Negative အဖြေထွက်ထားပြီး ကျန်ခြောက်ဦးတို့အား ယမန်နေ့က Swab စစ်ဆေးရယူလျက် ရှိသည်။

ထိုစစ်ဆေးရယူပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိသူ ခြောက်ဦးတို့၏  Swab များအား ညောင်ဦးမြို့ ကရုဏရှင် လူမှုကူညီရေးအသင်းကားဖြင့် ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ သွားရောက်ပို့ဆောင်လျက်ရှိပြီး Quarantine ထားရှိသည့် စောင့်ကြည့်လူနာ (၁၂) ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကျော်မင်းဦး(ရေနံချောင်း)