ထန်းတပင်(ပဲခူး) ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးရုံးများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များမှ သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းအား ပြည်သူ့စာကြည့်တိုက် သို့ ကိုယ်တိုင်မဆောင်ရွက် နိုင်သည့် စာပေဝါသနာရှင်များ စာပေဖတ်ရှု ဖတ်နိုင်စေရန် စာပေဖတ်ရှုမှု နှုန်းတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်သူများ လက်ဝယ် အရောက် ငှားရမ်းပေးခြင်းဖြစ်သည်။ အဆိုပါ ဆောင်ရွက်ခြင်းအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)