ရမည်းသင်း ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးလက်ကမ်းစာစောင်၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ရမည်းသင်းခရိုင်နှင့် မြို့နယ် အမျိုးသမီးကော်မတီက ရွှေဒါးကျေးလက်ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ဖြန့်ဝေပေးသည်။
ရမည်းသင်းခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်အေးအေးဝင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်သီတာသန်းစိုးဦးနှင့် ကော်မတီဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရန်ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေများဖြစ်သည့် စျေး၊ လမ်းဆုံနှင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာ၊ ရပ်ကွက်များအတွင်းတွင် အသိပညာပေးနှိုးဆော်ခြင်း၊ ပါးစပ်နှာခေါင်းစည်းများဝေငှခြင်းနှင့် လက်သန့်ဆေးရည်ဘူးများ ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင် (ရမည်းသင်း)