ပလောက်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ

ပလောက်  ဩဂုတ် ၂၈

ပလောက်မြို့တွင် ပြည်သူများ ကိုဗစ် − ၁၉  ရောဂါကူးစက်ခံရခြင်းမှကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်းနှိုးဆော်ချက်များအား မြို့ပေါ်ရပ်ကွက်များတွင် ကြေညာပေးခြင်းများကို ယမန်နေ့ည(၇)နာရီအချိန်က ပလောက်မြို့ဟိတကာရီလူမှုကူညီရေးအသင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကြေညာရာတွင် ပလောက်မြို့၌ လူစည်ကားရာနေရာများဖြစ်သော ရပ်ကွက်များတွင် ကိုဗစ်−၁၉ ရောဂါကြို တင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း များ တပ်ဆင်ကြရန်၊ လက်ကိုမကြာမကြာဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း (Hand Speaker) ဖြင့် ပြည်သူများသိရှိစေရန် ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်ပြန်/ဆက်)