ဒေါပုံ မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေ

ဒေါပုံ သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် Mask တပ်ဆင် သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဒေါပုံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ မြို့နယ်​ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများက မြို့သစ်ရပ်ကွက် ရှိ ကားမှတ်တိုင်များ၊ အနှေးယာဉ်မှတ်တိုင်များနှင့် လက်ဖက်ရည် ဆိုင်တို့တွင် ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင်  Mask မတပ်ဆင်ပဲသွားလာလျက်ရှိသော ပြည်သူများအား Mask မတပ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်သော ဆိုးကျိုးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက် များ အတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန် ၊ မဖြစ်မနေ အပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦးတစ်ယောက် တည်း သွားလာကြရန် အစရှိသည့် အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ပြီး  Mask များ တပ်ဆင်ခြင်းမရှိပဲ သွားလာနေသော အများပြည်သူများအား Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)