ဘီးလင်း သြဂုတ် ၂၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ဈေးများ လူ အသွားအလာများ သည့်လမ်းဆုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်နှင့် အညီ mask များစနစ် တကျတပ်ဆင်ခြင်း လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ အခြေအနေများကို ယနေ့ နံနက် ၈ နာရီက မြို့နယ် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့ဝင်များကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် မင်္ဂလာ စျေးနှင့်နီလာစျေးများတွင် ဈေးရောင်း၊ ဈေးဝယ်သူများ အား နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်း နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာ ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါ စစ်ဆေးရေး အဖွဲ့သည် လူအသွားအလာများသည့် စစ်တပ်လမ်းဆုံ၊ မြို့မ အားကစား ကွင်း ရှေ့နေရာ များတွင် mask တပ်ဆင်ထားခြင်းမရှိသူများအား mask များ အခမဲ့ပေးခြင်း ၊ ကျန်းမာရေး ဆိုင်ရာအ သိပညာပေး နှိုးဆော်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထူးနောင်(ပြန်/ဆက်)