လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း Mask တပ်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၂၈    

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း  ကိုဗစ်−၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ် နိုင်ရေး အတွက် ပြည်သူများအား နှာခေါင်းစည်း Mask များတပ်ဆင်ရန်နှင့် Mask များ အခမဲ့ ဖြန်ဝေခြင်းကို လူစည်ကားရာ နေရာများဖြစ်သော ကားမှတ်တိုင်များ၊ စျေးအဝင်/အထွက်ပေါက်နေရာများနှင့် ဆိုက်ကားဂိတ်နေရာများတွင် ယမန်နေ့ မွန်းလွဲပိုင်း က  အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမောင်မှ ဦးဆောင်၍ Covid-19 ​ရောဂါကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုနောက် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် အဖွဲ့ဝင်များက ပြည်သူများသို့ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီး လိုက်နာဆောင်ရွက်ကြရန်၊  လမ်းသွား ၊ လမ်းလာ ပြည်သူများနှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ စျေးအတွင်းသို့ ဝင်ရောက်ကြရန်၊  ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊  တစ်စုံတစ်ရာ အရေးကြီး ကိစ္စများ ပေါ် ပေါက်လာပါက နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ သွားကြရန်၊  Hand Gel ဖြင့် လက်များ ကို မကြာခဏ ဆေးကြောသန့်စင်ကြရန်နှင့် လူစုလူဝေး မပြုလုပ်ကြရန် အသိပေးနှိုးဆော်ခဲ့ပြီး နောက်ရက်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  Covid-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လှိုင်သာ ယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း Mask တပ်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)