လှိုင်းဘွဲ ဩဂုတ်၂၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့် လုပ်ငန်း ကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ မြို့မဈေးရှေ့၊ ပိုင်ကျုံလမ်းဆုံ၊ ဒိုင်းပြကျေးရွာမြို့ဝင်ဂိတ်တို့တွင် ဆောင်ရွက် ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးကော်မတီ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျနေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်သောညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား Mask တစ်ခုလျှင် (၅၀၀) ကျပ်နှုန်းဒဏ်ငွေအဖြစ်ပေးဆောင်စေပြီး တပ်ဆင်စေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)