ခါမ်းပါတ် ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်း များကို ယနေ့နံနက်ပိုင်းက ကလေး-တမူးလမ်းပေါ်ရှိ ဘုတ်ကန်ကျေးရွာနှင့် ထင်းဇင်ရွာသစ် ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို တမူးမြို့၊အမှတ်(၁၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကြည်စိုး၊ ခါမ်းပါတ်စခန်းမှူး ရဲအုပ်တင်သိန်းနှင့် တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ရဲအုပ်ကြည်စိုးမှလည်း၂၀၂၀ မော်တော်ယာဉ်ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)