မိုင်းတုံ ဇူလိုင် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်က မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အသုံးပြုပုံ၊ အသုံးပြုနည်းများကို အကျယ်တစ်ဝင့်ရှင်းလင်းပြီးနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ၊ ပြည်သူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများအားလုံး မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)