ကြံခင်း ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို သက်ဆိုင်ရာအုပ်စုများတွင် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးမှူးများက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့တို့က အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်း နေအိမ်များရှိ သန့်ရှင်းရေးဆောင်ရွက်၍ မရသော ရေလောင်ကန်များ၊ ရေတွင်းများအား အဘိတ်ဆေးခတ်ခြင်း၊ ဘုရားညောင်ရေအိုးများ၊ ရေအိုးရေခွက်များ၊ ခြင်ပေါက်ပွားနိုင်သည့် တာယာကွင်းများနှင့်ရေဝင်ရောက်နိုင်သော စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း