ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပခုက္ကူ ဇူလိုင် ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်ကကလေးအလုပ်သမားပေါ်ပေါက်ရသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားဥပဒေများအကြောင်း ဟောပြောပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကလေးအလုပ်သမားများ အများဆုံးတွေ့မြင်ရသည့် အလုပ်နေရာများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့်ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)