မိုင်းရှူး ဩဂုတ် ၃၁
ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက်များနှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ တောင်ကြီး-မိုင်းရှူး ကား လမ်း၊ လားရှိုး-မိုင်းရှူးသွားကားလမ်းပေါ်ရှိ မိုင်းရှူးမြို့၊ နားစံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယနေ့မှစတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်ပြန် လည် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ပြီး အပူချိန်တိုင်းခြင်း၊ ခရီးသွားမှတ်တမ်းရေးသွင်းခြင်း၊ ယာဉ် မောင်း နှင့် ခရီးသွားပြည်သူများ Mask တပ်ဆင်ကြရန်၊ လက်ကို မကြာ ခဏ ဆေးကြရန် စသည့် ကျန်းမာရေး အသိ ပညာပေးခြင်းလုပ်ငန်းများပြုလုပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)