ကွမ်းခြံကုန်း ဩဂုတ် ၃၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကိုယ်စားပြု လွှတ်တော်၊ မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ နံနက်ပိုင်းကစ၍ အများ ပြည်သူများ သိရှိနိုင်ရန် တော်ပုလွဲရပ်ကွက်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ ပါဝင်ယှဉ်ပြိုင် အရွေးချယ် ခံမည့် ပါတီပေါင်း(၅)ပါတီရှိပြီး မဲဆန္ဒနယ်မြေအလိုက် လွှတ်တော် အသီးသီးတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း (၁၈)ဦးရှိကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၁၃)ဦးရှိပြီး အဆိုပါ ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)