သီပေါ သြဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ် စေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ကြက်ခြေနီ အသင်းခွဲမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ အချိန်က သီပေါမြို့နယ် အတွင်းရှိ မြို့မစျေး၊ ဝက်ဝံပျံကျစျေး(ယာယီစျေး) နှင့် ရပ်ကွက်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိပြည်သူများ နှာခေါင်းစည်း (Mask)များအား စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ စျေးရောင်း၊ စျေးဝယ် သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်ကာ ရောင်းဝယ်သွားကြရန် စသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခြင်းများနှင့် လမ်းသွားလမ်းလာပြည်သူများ၊ ကား၊ ဆိုင်ကယ်စီးနှင်းသွားလာ နေသောပြည်သူများနှင့် စျေးအတွင်းရှိ စျေးသူ/စျေးသားများကို နှာခေါင်းစည်း(Mask)အခု(၅၀၀)အား ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)