ဒဂုံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ပုံစံ (၁၀-က)ဖြင့် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေး

ဒဂုံ ဩဂုတ် ၃၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒဂုံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ် လောင်း အမည်စာရင်းများ ပုံစံ(၁၀-က) ဖြင့် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတို့၌ ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကြေညာချက်အရ  မြို့နယ်အတွင်းပြည်သူများ  ဆန္ဒမဲပေးရာတွင်  ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် စာရင်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ(၅)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁၁)မှ(၅)ဦး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ(၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှ(၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်မဲဆန္ဒနယ် (ကရင် တိုင်းရင်သားလူမျိုး)မှ (၇)ဦးနှင့်ဦး၊  ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်  မဲဆန္ဒနယ်  (ရခိုင်တိုင်းရင်သား လူမျိုး)မှ(၆)ဦးတို့က ဒဂုံမြို့နယ်မှ ပါဝင် ယှဉ်ပြိုင်အရွေးချယ် ခံကြမည် ဖြစ် ကြောင်း  သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)