ခရမ်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် mask တပ်ဆင်ခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

ခရမ်း ဩဂုတ်  ၃၁

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ခရမ်းမြို့မဈေးကြီး ဈေးအတွင်းနှင့် ပျံကျဈေး တို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက် ဝယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦး‌ရေ များပြားလာသည့် အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရမ်းမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ပျံကျဈေးတွင်လည်း သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ တစ်ဆိုင်နှင့်တစ်ဆိုင် ၆ ပေအကွာရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ‌ စစ်ဆေးခြင်းနှင့် ‌နှာခေါင်းစည်း တပ်ဆင်မှုမရှိသူမျာအား အသိပညာပေးခြင်းများကို ခရမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှူဆောင်အရာရှိ ဦးမိုးကျော်နှင့် မြိုနယ် စည်ပင်သာယာရေး အဖွဲ့ဝင်များ မြို့နယ်ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် ကုသ ထောက်ပံ့ရေးအဖွဲ့ဝင်များ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသက်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမူ့ကူညီရေး အဖွဲ့ဝင်များ က ခရမ်းမြို့မဈေးကြီးအဝင်တွင် ပြည်သူများအား mask တပ်ဆင်ရေး အသိပညာပေး၍ ဈေးအတွင်း ဈေးရောင်း ဝယ်သူ များအား ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် လမ်းညွှန်ချက်အား  လိုက်နာမှုရှိစေရေး  ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)