မြဝတီ ဩဂုတ် ၃၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြဝတီခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ကြေညာခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း(၆၀)ဦးဖြစ်ကြောင်းသိရသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း ထုတ်ပြန်ကြေညာမှုကို မဲဆန္ဒရှင်ပြည်သူများ အလွယ်တကူကြည့် ရှုသိရှိနိုင်ရန်အတွက် မြဝတီမြို့၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတွင် ကပ်ထားကြေညာပြီး ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(ပအိုဝဝ်းတိုင်းရင်းသားလူမျိုး)နေရာအတွက် လွှတ်တော် ကိုယ်စားလှယ်(၉)ဦး၊ ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မွန်တိုင်းရင်းသားလူမျိုး)နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ ကရင်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်(ဗမာတိုင်းရင်းသားလူမျိုး)နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်(၁၀) ဦး၊မြဝတီမြို့ နယ်၊ပြည်နယ် လွှတ်တော်မဲ ဆန္ဒနယ် အမှတ် (၂) နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ မြဝတီမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နေရာအတွက် လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ မြဝတီမြို့ နယ်ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ ကရင်ပြည်နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁) နေရာအတွက်လွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့်ကရင်ပြည်နယ်၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အ မှတ်(၁၂)နေရာ အတွက် လွှတ်တော်ကိုယ်စား လှယ်(၇)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်