မြင်းခြံ ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ် သွားမည်ဖြစ်ရာ ယမန်နေ့မှစတင်၍ မြင်းခြံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို မြို့နယ်ကော်မရှင်ရုံးတွင် ကပ်ထား ကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင်းခြံမြို့နယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စား လှယ်များစာရင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် (၅) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာတွင် (၅) ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ တွင် လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ တွင် လွှတ်တော်ကိုယ်စားလှယ် (၅) ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း (၂၂) ဦး စာရင်းအား ကပ်ထားကြေညာပေး ထားကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)