ရန်ကင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်း ငွေဗိုက် အစီအစဉ်အတွက် Ngwe Bike Application ဖြင့် စာရင်းသွင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေး

ရန်ကင်း  သြဂုတ် ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ထောက်ပံ့ခြင်း တစ်ကြိမ်တည်း ၃၀၀၀၀/- (ကျပ်သုံးသောင်းတိတိ) ထောက်ပံ့ရန်အတွက် (Ngwe Bike) Application ကို Download ဆွဲ၍ စာရင်းသွင်း ဝန်ဆောင်မှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက် ပေးခဲ့ ကြောင်း သိရှိရ သည်။

အဆိုပါ Ngwe Bike Application စာရင်းသွင်းဝန်ဆောင်မှုများကို သြဂုတ်လ (၂၄)ရက်နေ့မှ စက်တင်ဘာလ(၁၄) ရက်နေ့အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လာရောက်စာရင်းပေးသွင်းချိန်တွင် ကိုယ်ဝန်ဆောင် မှတ်တမ်းစာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေး လိုက်သည့် ဆေးမှတ်တမ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် လက်ကိုင်းဖုန်းများကိုပါ အတူတကွ ယူဆောင်လာရန် လိုအပ်ကြောင်း သိရှိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)