တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ‌စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇)နာရီခွဲ အချိန်က ပုဏ္ဏမီဈေး၊ မြင်သာဈေး၊ ပဒေသာဈေးများ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အဖွဲ့ဝင် (၈) ဦးသူရအောင်၊ ခရိုင်ဈေးတာဝန်ခံများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နန္ဒဝန်ဈေးတာဝန်ခံ၊ ငွေယမုံဈေး တာဝန်ခံများ ပူးပေါင်း၍ ဈေးများ အတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သော ပြည်သူများအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး ဈေးများ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရန် ဆောင်ရွက်ထားရှိမှု များကို စစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေထက်အောင်