ဗန်းမောက် စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားယကာဆည်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ရာအဆိုပါ ဆည်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦး စီးမှူး ဦးထွန်းလှအာင်နှင့် ဝန်ထမ်းများ၊ အင်းလုမ်သားများနှင့် ဒေသခံပြည်သူများမှ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် နားယကာဆည်အတွင်း ငါးသယံဇာတများကြွယ်ဝလာစေရန်အတွက် လည်း ကောင်း၊ ဒေသအတွင်း ငါးစားသုံးသူပြည်သူများအနေဖြင့် မိမိဒေသထွက် ငါးမျိုးကာင်း မျိုးသန့်များအား စားသုံးနိုင်စေရန်အတွက်လည်းကောင်း၊ နားယကာဆည်အတွင်းမှ ငါးများ ပေါကြွယ်ဝစွာ ရရှိနိုင်ပြီးလူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ငါးမျိုးများကို နှစ်စဉ်စိုက်ထည့်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင် ပြောပြသည်။
ထို့နောက် ငါးမျိုးများစိုက်ထည်ခြင်း အခမ်းအနားတွင် ဆည်အတွင်းစိုက်ထည့်မည့် ငါးမျိုးများကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာမှူးမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌထံသို့လည်းကောင်း၊ ထီးချိုင်မြို့နယ် အင်ကြင်ကုန်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးမောင်စိုးက ဒေသခံတောင်များအား စပါးခင်းအတွင်းနှင့် တစ်နိုင်တပိုင်မွေးမြူရေးအင်းများအတွက် ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆည်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ လေးသောင်နှင့် ငါးခုံမကြီးကောင်ရေ တစ်သောင်းတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ငါးမျိုးများ စိုက်ထည့်ခဲ့ပြီး ဟဲထန်ဆည်နှင့် မြနန္ဒာကန်များတွင်လည် စိုက်ထည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)