ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်မှုများကို အများပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် တိုင်းဒေသကြီးအတွင်း လှည့်လည်ကာ အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက် ရှိပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး အရာရှိ ဒေါ်နော်ကြူကြူဝေနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် အသိပညာ နှိုးဆော်ချက်များကို ထန်းတပင် မြို့နယ်ရှိ ပြည်သူများ သိရှိလိုက်နာ စေရန်အတွက် Mobile ယာဉ်ဖြင့် လှည့်လည်၍ မြို့ပေါ်ရပ်ကွက်အတွင်း လူသွားလူလာများပြားသည့် နေရာများ နှင့် လမ်းတစ်လျှောက်ကျေးရွာများတွင် အသိပညာပေး နှိုးဆော်မှု များကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ အသိပညာပေး ပိုစတာများကို ဖြန့်ဝေပေးအပ် ခဲ့ ကြောင်း သိရသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေဖို့အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ကနေ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်တဲ့ အသိပညာပေးနှိုးဆော်မှုတွေကို ပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေနိုင်ဖို့အတွက် ဆိုပြီး တိုင်းဒေသကြီး အတွင်းမှာ တစ်နေ့လျှင် မြို့နယ်တစ်မြို့နယ်စီကို အလှည့်ကျ အနေနဲ့ အသိပညာပေးမှုတွေကို လိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်ကြူကြူဝေက အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းပြသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)