သထုံ စက်တင်ဘာ ၄
မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များနှင့် မိသားစုဝင်များ နား နေရန်အဆင်ပြေစေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့သည့် လူနာစောင့် နားနေ ဆောင်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါအဆောင်သစ်ရှေ့၌ ကျင်းပသည်။
လူနာစောင့်နားနေဆောင် အသစ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ် နှင့် သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တက် ရောက် ကြသူတို့က အဆောင်သစ်အား လိုက်လံကြည့်ရှုခဲကြသည်။
အဆိုပါနားနေဆောင်သစ်မှာ ပေ ၅၀ ပတ်လည်ကျယ်ဝန်းပြီး ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြု ရံပုံငွေဖြင့် ငွေကျပ် သိန်း ၈၀ ကျော်အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင် ပြည်သူ့ ဆေးရုံ အုပ်ကြီး ဒေါက်တာသင်းသင်းအိထံမှ သိရသည်။
သက်ဦး(သထုံ)