ဇလွန် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်း၊ ဟင်္သာတခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင့်လွင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ငါးမွေးတောင်သူများ တက်ရောက်ကြပြီး ဇလွန်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၁၈)ဦးထံသို့ ငါးကန်တစ်ဧကလျှင် ငါးသားပေါက် အကောင်ရေ (၂၀၀၀)နှုန်းဖြင့် ငါးမွေးဧက(၆၆.၉၀)ဧကအတွက် ငါးမြစ်ချင်းသားပေါက် အကောင်ရေ (၁၃၃၈၀၀ )ကို ပထမအကြိမ် အခမဲ့ထောက်ပံ့ ပေးခဲ့သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ငါးမွေးတောင်သူများအား ငါးသားပေါက် လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း မရှိစေရန်၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံမှု ရှိစေရန် ရည်ရွယ်၍ ယခုလို ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ဇလွန်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး၏ ပြောကြားချက်အရ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)