ရွှေကျင် စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွှေကျင်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေး ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါသည် တဖြေးဖြေးကူးစက်မှု ပြန့်ပွားလာသည့်အတွက် ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စောဟဲဒီဆင်နှင့် စောနေမျိုးတို့ ဦးဆောင်မှုဖြင့် ကရင်စာပေနှင့် ယဉ်ကျေးမှုလူငယ်အဖွဲ့များက နှာခေါင်းစည်း အခု(၃၀၀၀)အား လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင် မင်္ဂလာ မုခ်ဦးနှင့် ညစျေးလမ်းဆုံမီးပွိုင့်တို့တွင် ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)