ပန်းတနော် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအထိ ပန်းတနော်မြို့အဝင်အထွက် တံတားထိပ်တွင် စည်းကမ်း ထိန်းသိမ်းရေးဂိတ် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ စည်းကမ်းထိန်းသိမ်းရေးဂိတ်တွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ နှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ် နယ်မြေများမှ ပြန်လည်ရောက်ရှိလာသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် မြို့အတွင်းသွားလာကြရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြရန် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)