ဒေါ့ဖုန်းယန်မြို့ စက်တင်ဘာလ ၄
ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ခြင်း တစ်ကြိမ်တည်း ၃၀,၀၀၀ (ကျပ်သုံးသောင်းတိတိ)ထောက်ပံ့ပေးနိုင်ရန်အတွက် ငွေဗိုက် (Application) ကို Download ဆွဲ၍ စာရင်းသွင်းဝန်ဆောင်မှုကို ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အမှတ်(၁)ရပ်ကွက် ရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ငွေဗိုက် (Application) ဖြင့် စာရင်းသွင်းနည်း သင်ကြားပြသခြင်း ဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ မဂျာပရာနှင့် မဌေးဌေးဦးတို့ လာရောက်သင်ကြားပြသပေးရာ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ခြင်းတစ်ကြိမ်တည်း ၃၀,၀၀၀ (ကျပ်သုံးသောင်း တိတိ) ထောက်ပံ့ပေး နိုင်ရန်အတွက် ငွေဗိုက် (Application) ကို Download ဆွဲ၍ စာရင်းသွင်းနည်းနှင့် လုပ်ငန်းစဉ် များရှင်းလင်း၍ စာရင်းရေးသွင်နိုင်ရေးအတွက် ကိုယ်ဝန်ဆောင်မှတ်တမ်း စာအုပ်(သို့) ကိုယ်ဝန် အပ်သည့်အခါ ထုတ်ပေးလိုက်သည့် ဆေးမှတ်တမ်းစာအုပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကို တစ်ပါတည်း ယူဆောင်လာကြရန် ရှင်းလင်းပြီး ကိုယ်ဝန်ဆောင်မိခင် (၃၃)ဦး စာရင်းရေးသွင်းပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင် မိခင်များ အား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရှိရသည်။
မြသက်(ပြန်/ဆက်)