မိုးမိတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများ၊ ခရိုင်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာခန်းမ ရှေ့လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ် -၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ တိတိကျကျလိုက်နာ ဆောင်ရွက်ရမည့် ကိုဗစ်အသိပညာပေး စည်းကမ်းချက် များ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ခရိုင်လမ်းဦးစီးဌာနမှလည်း ကားဂိတ်များတွင် ခရီးသွားပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ အသိ ပညာပေးဗီနိုင်းများ ကပ်ထားခြင်း၊ နှာခေါင်း စည်း( Mask) ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)