ဆွမ်ပရာဘွမ်မြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးဟောပြောပွဲနှင့် တိရစ္ဆာန် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ဆွမ်ပရာဘွမ်  စက်တင်ဘာ  ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူကောင်ကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက တိရစ္ဆာန်မွေးမြူရေးဟောပြောပွဲနှင့် တိရစ္ဆာန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်း တိရစ္ဆာန်များ ရောဂါကင်းဝေးစေရန်၊  မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးမှ တစ်နိုင်တစ်ပိုင် စီးပွားရေးသို့ ကူးပြောင်းလာစေရန် ရည်ရွယ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမဂွေလက ပြောကြားခဲ့သည်။

အဆိုပါကျေးရွာတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များအကြောင်း ဟောပြောခြင်း၊ ဝက် (၃၃) ကောင်အား သံချဆေးနှင့် အားဆေးထိုးပေးခြင်း၊ ကျွဲ (၁၁) ကောင်အား လည်ကြောင်းကွဲ ရောဂါကာကွယ်ဆေးထိုးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ  (ဆွမ်ပရာဘွမ်)