စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကျေးလက်မီးလင်းရေးအတွက် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ခါမ်းပါတ် စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကျေးရွာလျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ၄၀ဝ ဗို့လိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တိန်းကယား (ဗမာ) ကျေးရွာတွင် ၄၀ဝဗို့လိုင်း (၁.၂၇) မိုင်နှင့် နန်းခေါက်ခေါက်ကျေးရွာတွင် ၄၀ဝ ဗို့လိုင်း (၁.၂၇) မိုင် တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ဖြည့်စွက်ရံပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မီးတိုင် ထူခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

သားငယ်(ပြန်/ဆက်)