ကလေး စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယနေ့နံနက် ၈နာရီအချိန်က ဘူတာမီးပွိုင့်အနီးနှင့်လူစည်ကားရာနေရာများတွင် ဖြတ်သန်းသွား လာနေသော ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ထိုသိုဆောင်ရွက်ရာတွင် အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲများက ပြည်သူများအနေဖြင့် မော်တော်ကားများ မောင်းနှင်ရာတွင် သတ်မှတ် မြန်နှုန်းထက် ပိုမမောင်းစေရန်၊ ဆိုက်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ရှေ့မီး အနိမ့်ကိုဖွင့်ပေးရန်နှင့် ယာဉ်တိုက်မှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့် အချက်များ၊ ၂၀၂၀ ခုနှစ်တွင် ပြဌာန်းထားသည့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေအကြောင်းတို့ကို ရှင်းလင်းမှာကြားပြီး အသိပညာပေး လက်ကမ်း စာစောင်များကိုဖြန့်ဝေခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်အတွင်း ကလေးမြို့နယ်တွင် ယာဉ်မတော်တဆမှု (၈၄)ကြိမ် ဖြစ်ပွားရာ ဒဏ်ရာရရှိသူ (၁၀၄)ဦးရှိကာ သေဆုံးသူ (၃၂)ဦး ရှိပြီဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ကလေးမြို့ အတွင်း ယာဉ်မတော်တဆမှုကြောင့် (၅၅)ဦး သေဆုံးသွားပြီဖြစ်ကြောင်း အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှသိရသည်။
ထန်းဖုန် (ပြန်/ဆက်)