ကျိုက်လတ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယနေ့နံနက်(၁၀) နာရီက ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး ခွင့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရာတွင် ဟောပြောခွင့်ပြုမည့်နေရာ သတ်မှတ်ခြင်း၊ လှည့်လည်စည်းရုံးခွင့်ပြုမည့်လမ်းကြောင်းနှင့် ရပ်တန့်ဟောပြောရ မည့်နေရာ သတ်မှတ်ခြင်းတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးဝင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုငနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များက အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)