ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်

ရှားတော၊ စက်တင်ဘာ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် (COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနများက ယနေ့နံနက်()နာရီအချိန်၌ လူသွားလူလာများသော ဗိုလ်ချုပ်လမ်း နှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်ဌာနများဖြစ်ကြသော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းပေါ်တွင်သွားလာနေသော ပြည်သူများအားနေအိမ်ပြင်ပသို့ သွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားရန် အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး Mask တပ်ဆင်ခြင်းမရှိသော ပြည်သူ များအား Mask ()ခုကိုငွေကျပ်(၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)