ထန်တလန် စက်တင်ဘာ ၄
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၉)ဦးရှိပြီး အမည်စာရင်း များကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း(၅) ဦး၊ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် လောင်း(၄)ဦး၊ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၁၀)ဦး စုစုပေါင်း (၁၉)ဦးယှဉ်ပြိုင် မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်ပြဘုတ်၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဩဂုတ်လ ၃၀ ရက်နေ့မှစ၍ ထုတ်ပြန်ကြေညာ ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)