ဖောင်းပြင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းများဆိုင်ရာ အစည်းအဝေး ကျင်းပ

ဖောင်းပြင် စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ စစ်ဆေးခြင်းနှင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ အသိပေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘဝင်းနှင့် ဒုတိယမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညီညီစော၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးဖြိုးဝေကျော်တို့က ဦးဆောင်ဆွေး နွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာတွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မဲစာရင်းများဆိုင်ရာ ဥပဒေ၊ နည်းဥပ ဒေနှင့် လုပ်ငန်းလမ်းညွှန်များဆိုင်ရာ အသိပေးသင်တန်းပို့ချခြင်းများ၊ မြေပြင်၌ တာဝန်ကျကော်မရှင်အ ဖွဲ့ခွဲများမှ မဲစာရင်းမှန်ကန်ရေး ကွင်းဆင်းကြီးကြပ်ခြင်းဆိုင်ရာများ၊ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန် ခြင်းနှင့် ပြန်လည်ကပ်ထားချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မဲစာရင်းများ စစ်ဆေးနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)