ပုလော စက်တင်ဘာလ ၄
တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ နှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် (၃၀−၈−၂၀၂၀)ရက်နေ့မှ စတင်၍ ကပ်ထားခဲ့သည်။
အဆိုပါစာရင်းတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း (၆) ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း (၄) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ကိုယ်စားလှယ်လောင်း (၈) ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) တွင် ကိုယ်စားလှယ်လောင်း (၉) ဦး၊ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(ကရင်တိုင်းရင်းသားလူမျိုး) တွင် ကိုယ်စား လှယ်လောင်း (၇) ဦး၊ စုစုပေါင်း (၃၄) ဦး ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ပုလောမြို့နယ်တွင် မဲရုံ (၈၉) ရုံ လျာထားကြောင်း သိရသည်။
အေးအေးမော်(ပုလောပြန်/ဆက်)