ကျောက်တံတား စက်တင်ဘာ ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ ညပိုင်းက ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကာကွယ် ထိန်းချုပ်ရေး အတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ထားရှိမှုအပေါ် လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂:၀၀) နာရီမှ နောက်တစ်နေ့ နံနက် (၄:၀၀)နာရီအချိန်အထိ နေအိမ် ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်း တို့ကို ကျူးလွန်သူများ ရှိ/မရှိ စစ်ဆေးခဲ့ရာ စက်တင်ဘာလ (၃)ရက်နေ့မှ (၄)ရက်နေ့အထိ မြို့နယ် အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ(၁၂)ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူပြီးအလုပ်မဲ့ ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ထား ကြောင်း သိရသည်။
ကျောက်တံတား မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများနှင့် ကျန်းမာရေး ကိစ္စဖြင့် ပြင်ပသို့ သွားလာ ခြင်းမှအပ ယခုထုတ်ပြန်ထားသော အမိန့်ဖောက်ဖျက်သူများအား ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ