ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင် သိရှိစေရန် အသံချဲ့စက်များ ဖြင့်လိုက်လံ နှိုးဆော်

ပုလော စက်တင်ဘာ ၄

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာ၀န်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မေတ္တာရှင် ပရဟိတအသင်းတို့ ပူးပေါင်း၍ ပုလောမြို့ မြို့ပေါ်ရပ်ကွက်များတွင်  ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့ နံနက်(၈)  နာရီက အချိန်က လိုက်လံ နှိုးဆော် ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပုလောမြို့တွင် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅) စသည့် ရပ်ကွက်(၅) ခုတွင်  ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များ ဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြော သန့်စင်ကြရန် စသည့်ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ သိရှိစေရန်နှင့် သဘာ၀ဘေး အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)