ကျိုင်းတုံ၌ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်သူ (၂၃)ဦးအား ထောင်ဒဏ် တစ်လစီချမှတ်

ကျိုင်းတုံ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့် သတ်မှတ်ထားရှိခဲ့ရာ လိုက်နာမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်သူ (၂၃)ဦးအား ယမန်နေ့ညနေ ၅ နာရီတွင် ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ သိရှိလိုက်နာစေရေး တာဝန်ရှိသူများမှ အသိပေးကြေညာပြီးဖြစ်ရာ ယမန်နေ့ နံနက် ၂ နာရီအချိန်တွင် ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီးသန်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အတူပူးပေါင်း၍ မြို့တွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ကိုဗစ်-၁၉ အရေးပေါ် ကာလအတွင်း ညမထွက်ရအမိန်အား လိုက်နာမှုမရှိဘဲ ဖောက်ဖျက်သူ (၂၃)ဦးအား ကျိုင်းတုံမြို့ ပေါ်ရပ်ကွက်များတွင် တွေ့ရှိခဲ့ရာ အဆိုပါပြစ်မှုကျူးလွန်သူများအား မြို့နယ်တရားရုံးမှ ယမန်နေ့ ညနေ ၅ နာရီတွင် ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)