ချီဖွေ စက်တင်ဘာ ၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလမှ စတင်၍ နေ့စဉ် ည(၉) နာရီ အချိန်တိုင်း အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ HPA(Healthy Basket activity) ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများသို့ ပန်ကြားချက်များ၊ အမိန့် ကြေငြာစာများ၊ ရပ်ကွက်အတွင်း နေထိုင်ကြသောပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက် တိုင်း နှာခေါင်းစည်း(mask)များ မဖြစ်မနေ တပ်ဆင်ကြရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် စဉ်ဆက်မပြတ် ညစဉ် အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်)